
ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။

ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ
အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။
အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။

နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။ အဲဒီအချက်တွေကတော့ ဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ဖော်ပြထားတာပါ။ စာဖတ်သူအနေနဲ့ အခြားအချက်တွေကို သိလို့ ရှိရင်လည်း comment မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်။
ليست هناك تعليقات:
إرسال تعليق