24‏/3‏/2011

မကူညီ သင့် ဘူးလား

ဂရုဏာ လက်များ
    ကျွန်တော်တို့ အဖွဲ့ ကိုရိုးရိုး ရှင်းရှင်းလေးပဲ “ ဂရုဏာ လက်များ ” လို့ ပဲ ပေးထားပါတယ် ။ ဟုတ်ပါတယ် ........ ကူသူမဲ့ ၊ ကယ်သူမဲ့ ၊တွယ်ရာမဲ့ ဘဝတွေကို ကို ဝိုင်းဝန်း ကူညီဘို့ လက်တွေပါ ....။ အသက်တော့ ရှင်နေတယ်ဗျာ ဒါပေမဲ့ အလုပ်ကိုင် အခွင့် အလမ်းတွေ လည်းမရှိတော့ဘူး သေမဲ့ရက် ကို ရေတွက်ရင်း သောက်စရာ ဆေးလည်း မရှိ ၊ စားစရာ မ ရှိ ၊ နေစရာ မရှိ ၊ အသိုင်ဝိုင်းမရှိ ၊ မသေခင် မှာ အပါယ်ခံ ဘဝ တွေကို အကူညီပေးဖို့ လက်တွေပါ ....... ။         
 ယခုအခါ မြန်မာပြည်မှာ HIV ရောဂါ ကူးစက် ခံစားနေရသူ ဦးရေ ၃ သိန်း ၇ သောင်း ကျော်နေပါ တယ် ... ။ ဆေးဝါး သောက် သုံးရန် လိုအပ် နေတဲ့ အဆင့်ကို ရောက် ရှိနေတဲ့ သူတွေကတော့ တစ်နှစ် ကို တစ်သိန်းနှစ်သောင်း ကျော်ရှိနေပါပြီ ၊ အရေးတကြီးအခြေနေ ရောက် ရှိနေသူ ၆ သောင်း ကျော်ရှိနေပြီး နေ့စဉ်လူထောင် နှင့် ချီပြီးသေဆုံးနေပါတယ် ။

 ကူးစက်ဆေးရုံ မှာ ဆေးဝါး ရရှိ ဖို့ အလှည့် ကျတန်းစီရင်း သေဆုံးခဲ့ရတဲ့ လူတွေလည်းမနည်းလှပါ ဘူး ၊ အခြေနေအရပ်ရပ် ကြောင့် ပြည်ပ NGO အဖွဲ့တွေလည်း မကယ်နိုင်ဘူးပေါ့ ၊ စားဖို့တောင် မလောက်ငှ တဲ့ မိသားစုဘဝ တွေမှာ ၊ ဝေဒနာရှင်အတွက် ဆေး ဘိုးတစ်လ ၃ သောင်းကျော်လောက် ဘယ်လို တတ်နိုင် လဲ ? ဒါနဲ့ ပဲ ဝေဒနာရှင်တွေ စိတ်ဓါတ် ကျပြီး ရောဂါ အလွယ်တကူ ဖိစီးလာတယ် ၊ ရောဂါ ပြန့်နှံ့ မှု နှုန်း ပိုမို မြင့်လာတယ် ၊ မြန်မာပြည်မှာ လိင်လုပ်သား အမျိုးသမီး ၄ ဦးမှာ ၁ ဦး HIV ရောဂါ ကူးစက် ခံနေရပြီလို့ NGO အဖွဲ့များ နှင့် ပြည်ပ သတင်း မီဒီယာ များမှာကြေငြာ ထား ကဲ! ဒီအဖြစ်ဆိုးတွေကို ကျွန်ုပ် တို့လက်တွေနဲ့ ဘယ်လိုကူညီကြမလဲ ?    ဒီအတိုင်းသာဆက်သွားနေရင် ကျွန်ုပ် တို့လူမျိုး အရှက် ကွဲလိမ့်မယ် အာဖရိက လိုတော့ အဖြစ်မခံ နိုင်ဘူးဗျာ ။ မြန်မာပြည်ဟာ တချိန်က ရောဂါ ကူစက် နှုန်းမှာ နဝမ မြောက် ဖြစ်ပြီး အခုတော့ ပထမ ဆု ရသွားပြီ ....   ကဲ ဒီတော့ အမျိုးသားရေးတာဝန်လဲဖြစ်၊ ဂရုဏာတရားနဲ့ ကယ်တင်စောင့်ရှောက် ခြင်းလည်းဖြစ်တဲ့ အတွက် ကျွန်ုပ် တို့ လက်တွေ လိုအပ်နေတယ် ...... ။ HIV ဝေဒနာရှင် တွေဟာ စိတ်ဓါတ် ကျသွားရင် နေ့လားညလား ပါပဲ၊စိတ်ဓါတ် ခိုင်မာရင် အသက်ပိုရှည်မယ်၊ ဆေးကုသမှု ရှိနေရင် အသက်ရှည်မယ် အခြား လူကို ကူးစက်မှုနှုန်း ကျဆင်းမယ် ။
ပါတယ် .... ။



ကဲ!မကူညီ သင့် ဘူးလား ?

ليست هناك تعليقات:

إرسال تعليق